ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ရှိသော
စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းမှစတင်ကာ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲကြောင့် ဒေသတွင်းစစ်ရေးအခြေအနေ တင်းမာလာခဲ့ကြောင်း အေအေ၏ စစ်ရေးအရင်းအမြစ်များက ထုတ်ဖော်ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းမှ စတင်ခဲ့သော တိုက်ပွဲများသည် ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ခံစားခဲ့ရသည်။ ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ ဓညဝတီရေတပ်ဌာနချုပ်နှင့် နီးစပ်ရာနေရာများကိုလည်း လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဒေသခံများအဆိုအရ ကျောက်ဖြူမြို့အတွင်း လုံခြုံရေး တင်းကျပ်မှုများ မြင်တွေ့ရပြီး နယ်မြို့ပေါ်တွင် စစ်တပ်ထောက်ပံ့ရေးများ တိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရှိရသည်။
အခုအခါ ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ဖြစ်သည့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် မြေပုံမြို့နယ်များကို အာရက္ခတပ်တော်က သိမ်းပိုက်ထားနိုင်ခဲ့ပြီး ယခုအခါ စစ်ကောင်စီထိန်းချုပ်နိုင်သေးသည့် မြို့များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့သာ ဖြစ်သည်။
AA ထံမှ သိရှိရသည့်အရ သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်ဌာနချုပ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ကျောက်ဖြူမြို့နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ရေနက်ဆိပ်ကမ်းတည်ရှိရာကြောင့် လာမည့် ဧပြီ ၂၅ ရက်မတိုင်မီ လုပ်ငန်းတာဝန်များ ပြီးမြောက်စေရန် မြန်မာစစ်ကောင်စီနှင့် တရုတ်အကြား ဇန်နဝါရီ ၂၁ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းရရှိခဲ့သည်။
ရက်စွဲ - တနင်္ဂနွေ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
ရင်းမြစ် - ရခိုင်ပြည်နယ်အရေးကြီးသော သတင်း


