စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘီလာရုဇ်သို့ ခရီးဆက်မည်

0

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘီလာရုဇ်သို့ ခရီးဆက်မည်


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ခရီးစဉ် ဆောင်ရွက်နေစဉ်ကာလအတွင်း ဘီလာရုဇ်နိုင်ငံသို့လည်း နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဆက်လက်သွားရောက်မည်ဟု မတ်လ ၆ ရက်နေ့ထုတ် မြန်မာနိုင်ငံပိုင် သတင်းစာများက ဖော်ပြထားသည်။
အဆိုပါ ခရီးစဉ်အတွင်း မင်းအောင်လှိုင်သည် ဘီလာရုဇ်သမ္မတ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပြီး မြန်မာစစ်တပ်ဘက်မှ အရာရှိအချို့လည်း ခရီးစဉ်တွင် ပါဝင်မည်ဟု သိရသည်။
မြန်မာစစ်ခေါင်းဆောင်နှင့် ဘီလာရုဇ်အကြား ဆွေးနွေးမှုများတွင် နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအတွက် စီးပွားရေး၊ လုံခြုံရေးနှင့် အခြား မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ကြောင်း သတင်းထုတ်ပြန်မှုများတွင် ဖော်ပြထားသည်။
ဘီလာရုဇ်နိုင်ငံသည် ရုရှားနှင့် နီးကပ်သော မဟာမိတ်နိုင်ငံတစ်ခုဖြစ်သလို မြန်မာစစ်တပ်သို့ လက်နက်များ ရောင်းချနေသည့် နိုင်ငံလည်းဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုများ ပြုလုပ်နေသည့် Justice for Myanmar အဖွဲ့က ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာစစ်ကောင်စီက ဘီလာရုဇ်နိုင်ငံရှိ ကောင်စစ်ဝန်ချုပ်ရုံးကို တရားဝင်ဖွင့်လှစ်ခဲ့ကြောင်းလည်း မှတ်တမ်းများတွင် တွေ့ရသည်။

အနာဂတ်မြန်မာနိုင်ငံအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တာဝန်နှင့် အခန်းကဏ္ဍ

Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top