မန္တလေး၊ အိုးဘိုထောင်မှာ ၁၀ ရက်အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ဦး ကျဆုံး

0


မန္တလေးရှိ အိုးဘိုအကျဉ်းထောင်တွင် ၁၀ ရက်အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ဦးက ဆေးဝါးကုသမှု မလုံလောက်မှုကြောင့် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ထုတ်ပြန်ချက်များအရ သိရပါသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရဘဲ ကျဆုံးခဲ့ခဲ့သည်ဟု PPNM က ထုတ်ပြန်ခဲ့ပါသည်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းရီသည် ဆေးဝါးကုသမှု မလုံလောက်မှုကြောင့် သေဆုံးခဲ့ပြီး ဖြစ်ပါသည်။

ကိုအောင်ထွန်းသည် စစ်ကောင်စီဖမ်းဆီးမူမတိုင်မီ ကျန်းမာနေပြီး အိုးဘိုအကျဉ်းထောင်ရောက်ပြီးနောက် ခန္ဓာကိုယ်တွင် အနာများပေါက်ကာ အနာပိုးဝင်ခဲ့ပြီး ဆေးရုံမှ တက်ခဲ့ရာ စစ်တပ်မတိုင်မီ ကျဆုံးခဲ့ကြောင်း PPNM က သိရသည်။

Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top