ယူကေနဲ့ အမေရိကန်ကြား အခွန်မဲ့ကုန်သွယ်ရေး အမြန်ဆုံးဖြစ်လာနိုင်မည်ဟု ထရမ့်ဆို

0

 ယူကေနဲ့ အမေရိကန်ကြား အခွန်မဲ့ကုန်သွယ်ရေး အမြန်ဆုံးဖြစ်လာနိုင်မည်ဟု ထရမ့်ဆို

(ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ - သောကြာနေ့)

ဗြိတိန်နှင့် အမေရိကန်ကြား အခွန်မဲ့ကုန်သွယ်ရေး သဘောတူညီမှု တစ်ခု အမြန်ဆုံးရရှိလာနိုင်သည်ဟု သမ္မတ ထရမ့်က ပြောဆိုလိုက်သည်။ ယင်းသည် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာနှင့် အမေရိကန်သမ္မတ ထရမ့်တို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် စတားမာသည် မနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပထမဆုံး အိမ်ဖြူတော် ခရီးစဉ်ကို စတင်ခဲ့ပြီး၊ ထရမ့်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံမှုအတွင်း သမ္မတ ထရမ့်က “တကယ့်ကို ကုန်သွယ်ရေးညှိနှိုင်းနိုင်သူ” ဟု ဝန်ကြီးချုပ်ကို ချီးမြှောက်သုံးနှုန်းခဲ့သည်။

ထရမ့်က ဥရောပသမဂ္ဂအပါအဝင် မဟာမိတ်နိုင်ငံများမှ တင်သွင်းသော သွင်းကုန်များအပေါ် ၂၅% အခွန် ကောက်ခံမည်ဟု ပြောဆိုခဲ့သည်။ ယင်းအခွန်ကောက်ခံမှုသည် ဗြိတိန်မှ အမေရိကန်သို့ သွင်းကုန်ဖြစ်သည့် စတီးနှင့် အလူမီနီယံအပေါ် သက်ရောက်နိုင်မည်ဖြစ်သည်။

ထို့ပြင် ဗြိတိန် ဘုရင် ချားလ်စ်သုံးစွဲကို အမေရိကန်သို့ အစိုးရ ခရီးစဉ်လာရန် ဖိတ်ခေါ်မှုကိုလည်း ထရမ့်က လက်ခံခဲ့သည်။ ယူကရိန်း၊ ဂါဇာအရေးများနှင့် Chagos

Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top