မ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့များတွင် အာရှမြို့များ အများဆုံး ပါဝင်

0

ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့များတွင် အာရှမြို့များ အများဆုံး ပါဝင်



ကမ္ဘာတစ်ဝန်းတွင် လေထုအညစ်ညမ်းမှုအဆင့်အမြင့်ဆုံး မြို့ ၂၀ မှာ ၁၉ မြို့အထိ အာရှတိုက်တွင်းမှ မြို့များဖြစ်ကြောင်း ဆွစ်ဇာလန်အခြေစိုက် IQAir ၏ ၂၀၂၄ ခုနှစ် လေ့လာမှုတွင် ဖော်ပြထားသည်။

လေထုအညစ်ညမ်းမှုအဆင့်အမြင့်ဆုံး မြို့များထဲတွင် အိန္ဒိယနိုင်ငံမှ ၁၁ မြို့၊ ပါကစ္စတန်မှ ၆ မြို့၊ တရုတ်မှ ၁ မြို့၊ ကဇက်စတန်မှ ၁ မြို့ ပါဝင်သော်လည်း၊ အာရှပြင်ပရှိ မြို့တစ်မြို့မှာ အာဖရိက၊ ချဒ်နိုင်ငံရှိ အန်ဂျမီနာမြို့ ဖြစ်သည်။
IQAir ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် လေထုညစ်ညမ်းမှု အဆင့်အမြင့်ဆုံး နိုင်ငံ ၅ နိုင်ငံမှာ ချဒ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကွန်ဂို၊ အိန္ဒိယ တို့ဖြစ်သည်။
IQAir သည် နိုင်ငံ ၁၃၈ ခုမှ စောင့်ကြည့်ရေးစခန်း ၄၀,၀၀၀ ကျော်မှ အချက်အလက်များကို စုဆောင်း၍ တင်ပြထားသည်။ အဆိုပါသုံးသပ်ချက်အရ ကမ္ဘာ့မြို့ကြီးများ၏ ၁၇ ရာခိုင်နှုန်းသာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေထုသန့်စင်မှု စံနှုန်းများကို ဖြည့်ဆည်းနိုင်ခဲ့သည်။
WHO ၏ စံနှုန်းနှင့် ကိုက်ညီသည့် နိုင်ငံများတွင် သြစတြေးလျ၊ ဘဟားမား၊ ဘာဘေးဒိုးစ်၊ အက်စ်တိုးနီးယား၊ ဂရီနာဒါ၊ အိုက်စလန်၊ နယူးဇီလန် တို့ပါဝင်သည်။
သို့သော် WHO ၏ လမ်းညွှန်ချက်ထက် ခုနစ်ဆထိ လေထုညစ်ညမ်းမှု ပိုမိုရှိသည့် နိုင်ငံများမှာ ချဒ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကွန်ဂို၊ အိန္ဒိယ၊ တာဂျစ်ကစ္စတန်၊ နီပေါ၊ ယူဂန်ဒါ၊ ရဝမ်ဒါ၊ ဘူရွန်ဒီ၊ နိုင်ဂျီးရီးယား၊ အီဂျစ်၊ အီရတ်၊ ဂါနာ၊ အင်ဒိုနီးရှား နှင့် ဂမ်ဘီယာ တို့ဖြစ်သည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top