နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပူတင်နဲ့ နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတာအပြင် စစ်ပါရှုံးနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ရုရှားမှာ တွေ့ဆုံဖို့ရှိနေ

0

နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပူတင်နဲ့ နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတာအပြင် စစ်ပါရှုံးနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ရုရှားမှာ တွေ့ဆုံဖို့ရှိနေ

မတ် ၁၊ ၂၀၂၅ ( စနေ)


အာဂျင်တီးနားနိုင်ငံ၏ ဗျူနိုအေးရိစ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် သည် လာမယ့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို သွားရောက်ဖို့ရှိကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်သတင်းတွင်ဖော်ပြထားသည်။

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌအပါအဝင် ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဟု ဆိုသည်။ နှစ်နိုင်ငံအကြား စီးပွားရေး၊ လုံခြုံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာကိစ္စများနှင့်အတူ ကဏ္ဍပေါင်းစုံဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးပွဲများလည်း လုပ်ဆောင်မည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov မြန်မာနိုင်ငံကို ရောက်ရှိပြီး စစ်ကောင်စီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ နည်းပညာ၊ နျူကလီးယားနှင့် သတ္တုကဏ္ဍတို့တွင် ပိုမိုတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းမှုများစွာ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒီအပြင်၊ တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန်တွင် စွမ်းအင်စီမံကိန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ရုရှားသတင်းဌာန Interfax မှ ဖော်ပြထားသော်လည်း စစ်ကောင်စီဘက်မှ ထုတ်ပြန်မှုများမှာ မတွေ့ရပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်ကိုစစ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်းဝရမ်းထုတ်ထားခဲ့ပြီး၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထိုကဲ့သို့စစ်တပ်အရာရှိ ၂၃ ဦးကိုလည်း ရိုဟင်ဂျာများအပေါ် စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ICC သတင်းအရ၊ မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ပြီးခဲ့သော နိုဝင်ဘာလ ၂၇ ရက်တွင် တရားရုံးရှေ့နေက ဖမ်းဝရမ်းပေးရန် တင်ပြခဲ့သည်။




Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top