ရိုဟင်ဂျာတွေအတွက် ကန်ဒေါ်လာ ၉၃၄ သန်းကျော် အကူအညီ တောင်းခံ

0

ရိုဟင်ဂျာတွေအတွက် ကန်ဒေါ်လာ ၉၃၄ သန်းကျော် အကူအညီ တောင်းခံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်ခံအိမ်ရှင်များအတွက် အရေးကြီးသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် ကုလသမဂ္ဂနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများက အမေရိကန်ဒေါ်လာ ၉၃၄ သန်းကျော် တောင်းခံထားကြောင်း မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ ဘဏ္ဍာရေးအရင်းအမြစ်များ လျော့နည်းမှုများနှင့် နိုင်ငံတကာတွင် အခြားသော အကျပ်အတည်းများ ထပ်မံဖြစ်ပေါ်နေမှုတို့ကြောင့် ရိုဟင်ဂျာဒုက္ခသည်များသည် နေ့စဉ်အတွက် လိုအပ်သော အကူအညီများကို မှီခိုနေရသည်။ ထို့ကြောင့် IOM (အပြည်ပြည်ဆိုင်ရာရွှေပြောင်းနေထိုင်မှုအဖွဲ့)၊ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) နှင့် ၎င်းတို့၏ မိတ်ဖက်အဖွဲ့အစည်းများက အဆိုပါ ငွေပမာဏကို တောင်းခံလိုက်ခြင်းဖြစ်သည်။
၂၀၂၅-၂၆ ရိုဟင်ဂျာ လူသားချင်းစာနာမှု အကျပ်အတည်း အစီအစဉ်အတွင်း ၁၁၃ ဖွဲ့အစည်းများ ပူးပေါင်းထားပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ ဦးဆောင်မှုဖြင့် IOM နှင့် UNHCR တို့က တာဝန်ယူ ဆောင်ရွက်နေသည်။ ပထမနှစ်အတွက် ဒုက္ခသည် ၁.၄၈ သန်းနီးပါး အတွက် အရေးပေါ်အကူအညီများနှင့် လူနေမှုအခြေအနေ ကောင်းမွန်မှုကို တိုးမြှင့်ရန် အမေရိကန်ဒေါ်လာ ၉၃၄ သန်းခွဲ တောင်းခံထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွင် ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ လူမျိုးတုံးသုတ်သင်မှုများကြောင့် ထွက်ပြေးခိုလှုံလာသူ ၁.၂ သန်းကျော် နေထိုင်လျက်ရှိသည်။ ထိုဒုက္ခသည်စခန်းများတွင် ကျား-မ အခြေပြု အကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများနှင့် သတ်ဖြတ်မှုများ ကြုံနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ များပြားလှသည်။
ထို့အပြင် ဒုက္ခသည် ၃ ယောက်တွင် ၁ ယောက်မှာ အသက် ၁၀ နှစ်မှ ၂၄ နှစ်အတွင်း ဖြစ်ပြီး တစ်သက်တာလုံး ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကင်းမဲ့နေကြသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ရိုဟင်ဂျာဒုက္ခသည်များအတွက် အကူအညီ ဖြတ်တောက်ခြင်းသည် ရာဇဝတ်မှုတစ်ရပ်ဖြစ်သည် ဟု ပြောကြားခဲ့သည်။ မတ် ၁၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်သည့် သူ့ရဲ့ ခရီးစဉ်တွင် ရိုဟင်ဂျာ ဒုက္ခသည်များ၏ အကျပ်အတည်းကို ကမ္ဘာက သတိပြုရန် လိုကြောင်း သတိပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်စ် က ဒီပြသာနာသည် နှစ်ပေါင်းများစွာဆက်လက် ဖြစ်နေပြီး နိုင်ငံတကာအသိုက်အဝန်းက ပိုမို အာရုံစိုက်ရမည် ဟု ပြောဆိုခဲ့သည်။ တစ်နိုင်ငံတစ်ပိုင်သာဖြင့် ဖြေရှင်းရန် မဖြစ်နိုင်သည့်အတွက် နိုင်ငံတကာအသိုက်အဝန်းသည် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ရန်ပုံငွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် နေရပ်ပြန်ရေး အစီအစဉ်များကို ထောက်ပံ့ရန် တာဝန်ယူရန် လိုအပ် သည်။


ရိုဟင်ဂျာဒုက္ခသည်များသည် မြန်မာနိုင်ငံတွင် လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရန် အခြေအနေဖန်တီးပေးရန် လိုအပ်သည်။ ယခုလို အကူအညီတောင်းခံမှုများသည် နာမည်ကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ဦးစားပေး တုံ့ပြန်မှုများ လိုအပ် သည်။
သို့မဟုတ်ပါက စားနပ်ရိက္ခာပြတ်လပ်မှု၊ အခြေခံအိမ်မွေးမှုမရှိမှု၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုမရရှိမှု စသည့် ပြဿနာများ အရှိန်မြှင့်လာနိုင်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းသည် ဦးတည်ချက်ရှိစွာဖြင့် အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် လိုအပ် သည်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top