ဖြူးမြို့နယ် အောက်ခုံကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ပျံလွန်

0

ဖြူးမြို့နယ် အောက်ခုံကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ပျံလွန်



၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့ ညနေ ၆ နာရီအခါတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အောက်ခုံကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ရာတွင် ကျောင်းထိုင်ဆရာတော်တစ်ဦးပျံလွန်သွားပြီး၊ ဒေသခံ ၂ ယောက်လည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက သိရပါတယ်။



အောက်ခုံကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဆက်လျက်ရှိနေပြီး စစ်ကောင်စီတပ်သည် အင်အားအလုံးစုံဖြင့် ဝင်ရောက်တိုက်ခိုက်နေပါသည်။ အထူးသဖြင့် အောက်ခုံဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်သည် ညနေပိုင်း လက်နက်ကြီးထိမှန်ကာ ပျံလွန်သွားခဲ့သည်။
ဒေသခံတစ်ဦးက ပြောသည့်အရ၊ “ဆရာတော်နဲ့အတူ အသက် ၇၈ နှစ်ရှိသော ဦးညိုကြီးနှင့် အသက် ၄၈ နှစ်ရှိသော မျိုးဇော်ထွန်းတို့ သေမယ်ဆိုပြီး ဒဏ်ရာရခဲ့ကြပြီး၊ မပြေးနိုင်ဘဲ ကျန်နေခဲ့ကြတယ်” ဟု ပြောခဲ့သည်။



စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ပြီး အောက်ခုံကျေးရွာဝင်ရောက်စီးနင်းရာမှာ ဒေသခံတချို့ထိခိုက်သေဆုံးရပြီဖြစ်ပေမယ့်၊ စစ်တပ်ရှိနေသဖြင့် အတိအကျ မသိရသေးပါ။ အဆိုပါတရားမျက်ရည်သည် အောက်ခုံ၊ ဝဲကြီး၊ ဝဲဒေါင့်၊ လေးအိမ်စု၊ ရေဦး နှင့် လက်ပံခုန် ကျေးရွာများမှ ၇၀၀၀ ကျော်သော ဒေသခံများသည် ဘေးကင်းရာအနေဖြင့် အားလုံးထွက်ပြေးနေကြကြောင်း သိရပါတယ်။
ယနေ့ မတ်လ ၈ ရက်တွင် စစ်ကောင်စီတပ်သည် ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဝင်လမ်းနှင့် ထွက်လမ်းများကို ပိတ်ဆို့ထားခဲ့ပြီး၊ ညနေ ၄ နာရီခွဲအချိန်တွင် လေကြောင်းမှ စောင့်ကြည့်ပျံသန်းနေတယ်လို့ သိရပါတယ်။


"ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်း မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးက လေ့လာကြည့်ပါ။ ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံ၏အဓိက မွေးရာပါ နိုင်ငံသား မွေးရာပါ တိုင်းရင်းသား ဟုတ်လားမဟုတ်လား ကောင်းစွာ နားထောင်ကြည့်ပါ။ ရိုဟင်ဂျာ သမိုင်းပါ။




Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top