လက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း၊ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနှင့် စည်းမျဉ်းများ အတည်ပြု

0

ပလက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း၊ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနှင့် စည်းမျဉ်းများ အတည်ပြု

မတ်လ ၈ ရက်

ပလက်ဝကောင်စီ (PC) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း၊ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒ၊ ကာကွယ်ရေးမှုဝါဒနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများကို တတိယအကြိမ်နှစ်ပတ်လည်ညီလာခံတွင် ရေးဆွဲချမှတ်ပြီး အတည်ပြုခဲ့ကြောင်း IKACC/PC က မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တတိယအကြိမ် ညီလာခံကို မတ်လ ၆ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး အလုပ်အမှုဆောင်တွေ၊ တပ်မှူးများ၊ ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ကျေးရွာကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၃၀၆ ဦး တက်ရောက်ခဲ့ကြောင်း IKACC က အတည်ပြုပါတယ်။
ပလက်ဝကောင်စီ၏ အစီအစဉ်များတွင် မြန်မာနိုင်ငံအတွင်း အဏာရှင်စနစ်၏ ပပျောက်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူမှုရရှိရေး၊ လူမျိုးနွယ်စုများအကြား တန်းတူညီမျှတရားမျှတမှုရှိသော ချင်းပြည်တည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ရေးအတွက် တည်ငြိမ်မှုရှိသော အာမခံချက်များပါဝင်သည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာ ၃၈၈ ရွာရှိပြီး၊ ဤရွာတွင် ၁၀၀ နီးပါးကျေးရွာများတွင် ပလက်ဝကောင်စီ၏ အုပ်ချုပ်ရေးလုပ်ငန်းများပြုလုပ်ပြီး ပြည့်သူ့ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေကြောင်း သိရသည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top