အကျဉ်းသားများလွှတ်ပေးမှ အစ္စရေးနှင့် ဆက်လက်ဆွေးနွေးမည်

0

 အကျဉ်းသားများလွှတ်ပေးမှ အစ္စရေးနှင့် ဆက်လက်ဆွေးနွေးမည်

Rakine focus - RF ၂၆၊ ဖေဖော်ဝါရီ၊ ၂၀၂၅ - ဗုဒ္ဓဟူးနေ့

အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နောက်ထပ်အဆင့်များ ဆွေးနွေးနိုင်မှုမှာ ပါလက်စတိုင်းအကျဉ်းသားများ ပြန်လွှတ်ပေးမှုအခြေအနေပေါ်တွင် မူတည်နေသည်ဟု ဟားမာ့စ်အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

အသက်ရှင်လွတ်မြောက်လာသည့် ဓားစာခံခြောက်ဦးနှင့် သေဆုံးသွားသူလေးဦးကို ဟားမာ့စ်အဖွဲ့မှ ပြန်လည်လွှဲပြောင်းပေးမှုအတွက် အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ကို ပြန်လွှတ်ရန် သဘောတူထားသော်လည်း ထိုလုပ်ဆောင်မှုကို အစ္စရေးက ရွှေ့ဆိုင်းခဲ့သည်။ ထို့ကြောင့် ဟားမာ့စ်အဖွဲ့က အမေရိကန်အား ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အပြည့်အဝ လိုက်နာစေရန် တောင်းဆိုနေသည်။

လက်ရှိအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ခြောက်ပတ်ကြာပြီးနောက် လာမည့် စနေနေ့တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော်လည်း ဒုတိယအဆင့် သဘောတူညီမှုနှင့် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများ မစတင်နိုင်သေးပါ။

ဤအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း ဓားစာခံများအားလုံး ဘေးကင်းစွာ ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး အမေရိကန်၊ အီဂျစ်နှင့် ကာတာတို့က ညှိနှိုင်းဆောင်ရွက်နေကြသည်။


သတင်းအချက်အလက်များကို Rakine Focus မှ 

တင်ပြပါသည်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top