မောင်တောတွင် ပြန်လည်ဝင်ရောက်လာသူများအား အာရက္ခတပ်တော်နယ်လှည့် ကျန်းမာရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

0

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ဘေးရှောင်ကြောင့် ပြန်လည်ဝင်ရောက်လာသော ရခိုင်အပါအဝင်  ရိုဟင်ဂျာနှင့်ဟိန္ဒူဒေသခံများအား အာရက္ခတပ်တော်နယ်လှည့်ကျန်းမာရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး၊ စိတ်ပိုင်းဆိုင်ရာ အကူအညီလည်း ပံ့ပိုးပေးနေကြောင်း သိရသည်။


ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် မောင်တောမြို့ရှိ ရွှေဇား(မြောက်) ရိုဟင်ဂျာကျေးရွာတွင် ပြန်လည်ဝင်ရောက်လာသော မူဆလင်ကျေးရွာသားများအား အာရက္ခတပ်တော် နယ်လှည့်ကျန်းမာရေးအဖွဲ့က ဆေးကုသမှုများပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါကျေးရွာတွင် အမျိုးသမီး ၅၂ ဦးနှင့် အမျိုးသား ၅၆ ဦး စုစုပေါင်း ၁၉၈ ဦးတို့ကို ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိုကျေးရွာများတွင် တစ်ဦးလျှင် ၁၀ ရက်စာအတွက် ဆန် ၂၀ ဗူးစီ ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။

Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top