သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအနေနဲ့ မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်မထိုးရင်၊ အမေရိကန်အစိုးရက ယူကရိန်းကို ကူညီခဲ့သော ဒေါ်လာဘီလီယံများကို ပြန်လည်တောင်းခံသွားမယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ထရမ့်က ပြောကြားတဲ့အတိုင်း၊ "ငါတို့ပေးခဲ့တဲ့ငွေတွေအတွက် တစ်ခုခုပြန်ပေးဖို့လိုတယ်။ မြေရှား၊ ရေနံ၊ တစ်ခုခုတော့ပြန်ပေးပါ။ မရရင် ဒေါ်လာဘီလီယံ နဲ့ချီ ပြန်တောင်းရမှာပေါ့" ဟု ဆိုခဲ့ပါတယ်။
ထရမ့်က ဤအဆိုကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် Conservative Political Action Conference (CPAC) အခမ်းအနားတွင် ပြောခဲ့ပြီး၊ ယူကရိန်းနှင့် မြေရှားသတ္တု သဘောတူညီချက်ရဖို့ နီးစပ်လာနေပြီလို့လည်း ထပ်ပြီး ပြောဆိုခဲ့ပါတယ်။
သမ္မတ ဇယ်လန်စကီး၏အဖွဲ့ကတော့ သတ္တုသယံဇာတထုတ်ယူခွင့်ပေးခြင်းနှင့်ပတ်သက်ပြီး သဘောတူညီချက်ကို ယခုအထိ ငြင်းဆိုထားခဲ့သည်။ ထရမ့်က မတရားဖေါ်ပြတဲ့အတွက် ငွေပြန်ယူရမယ်ဟု ထပ်တလဲလဲပြောဆိုခဲ့ပါတယ်။
CPAC အစည်းအဝေးတွင် ယူကရိန်းအား အမေရိကန်က ပေးခဲ့သော စုစုပေါင်း ဒေါ်လာဘီလီယံ ၅၀၀ ကို ပြန်ပေးရမယ်လို့ ထရမ့်က ပြောခဲ့ပြီး၊ ယူကရိန်းကို ကူညီခဲ့သော ငွေဟာ ၃၅၀ ဘီလီယံဖြစ်ခဲ့သော်လည်း အချို့သောလေ့လာမှုများတွင် ၁၂၀ ဘီလီယံသာ ရရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
ထရမ့်ဟာ ယူကရိန်းအစိုးရကို သတ္တုသယံဇာတ ထုတ်ယူခွင့် ပေးရန် ဖိအားများနဲ့ ဖိနပ်ကြီးခဲ့သည်။
ရင်းမြစ်: ဂါဒီယန်း ၊ Sky News


