![]() |
| ဘုန်းကြီးကျောင်းကား မိုင်းခွဲတိုက်ခိုက်ခံရ |
![]() |
| ဘုန်းကြီးကျောင်းကား မိုင်းခွဲတိုက်ခိုက်ခံရ |
📅 ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ (ဗုဒ္ဓဟူးနေ့)
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပနပ်ငယ်ကျေးရွာအနီး တနင်္သာရီ-မြိတ်ကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဘုန်းကြီးကျောင်းကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရသည်။
အဆိုပါ ပလပ်တောင်ကျောင်းတိုက် စာတန်းပါ ဘုန်းကြီးကျောင်းကား သည် ညောင်ပင်ကွင်းကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများနှင့် သံဃာတော်များ မြိတ်မြို့သို့ ပြေးရှောင်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
တိုက်ခိုက်မှုကြောင့်
အမျိုးသား ၁ ဦး
အမျိုးသမီး ၈ ဦး (ကလေးများအပါအဝင်)
စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည့် အချက် အတည်ပြုနိုင်မထားသေးပေ။
ဒဏ်ရာရသူများကို မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ညောင်ပင်ကွင်းကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် နေအိမ် ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။



