မော်လမြိုင်၌ ကျောင်းသား/ကျောင်းသူ (၃၀၀) အား နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းပေးမည်
(ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ - ဗုဒ္ဓဟူးနေ့)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သာသနာနွယ်ဖောင်ဒေးရှင်းမှ ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူ (၃၀၀) အား ယဉ်ကျေးလိမ္မာ သင်တန်းကို အခမဲ့ သင်ကြားပို့ချမည်ဖြစ်သည်။
![]() |
| သင်တန်းကို မော်လမြိုင်မြို့ |
![]() |
| အခြေခံသင်တန်း - KG မှ Grade 4 အထိ |
သင်တန်းကို မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်တက်လမ်းအနီးရှိ ဇေတဝန်ကျောင်းတိုက်ဓမ္မာရုံ၌ ဖွင့်လှစ်မည်ဖြစ်ပြီး၊ အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းဟူ၍ နှစ်မျိုး ခွဲခြားသင်ကြားမည်ဖြစ်သည်။
အခြေခံသင်တန်း - KG မှ Grade 4 အထိ ကျောင်းသား (၇၅) ဦး၊ ကျောင်းသူ (၇၅) ဦး
ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ဗုဒ္ဓဘာသာအခြေခံသင်ခန်းစာများ
ယဉ်ကျေးလိမ္မာကဗျာများ
အဆင့်မြင့်သင်တန်း - Grade 5 မှ Grade 12 အထိ ကျောင်းသား (၇၅) ဦး၊ ကျောင်းသူ (၇၅) ဦး
မင်္ဂလသုတ်၊ သိင်္ဂိါလောဝါဒသုတ်
လောကနီတိကျင့်ဝတ်များ
သင်တန်းလျှောက်လွှာများကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့နောက်ဆုံး ထုတ်ယူနိုင်မည်ဖြစ်ပြီး၊ သင်တန်းကို မတ်လ (၃) ရက်မှ မေလ (၂၅) ရက်အထိ (၃) လကြာသင်ကြားမည်ဖြစ်သည်။




