ကျောက်ဖြူ ဓညဝတီ‌ရေတပ်အနီးက ရွာများ လေကြောင်းဗုံးကြဲခံရ

0

 ကျောက်ဖြူ ဓညဝတီ‌ရေတပ်အနီးက ရွာများ လေကြောင်းဗုံးကြဲခံရ

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ - သောကြာနေ့ – Rakine Focus

ရိုဟင်ဂျာပြည်နယ်၊ ကျောက်ဖြူမြို့နယ် အတွင်းရှိ ဓညဝတီရေတပ်စခန်းဌာနချုပ် အနီးက ကျေးရွာများကို ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဦးကင်၊ စည်မော်၊ ဒေါမတောင်၊ ကြတ္တိန်၊ ရှောက်ချောင်း၊ စိုင်ခြုံ၊ ကန့်သပြေ၊ ပျားတဲ စသည့် ၁၀ ရွာထက်မနည်းသော ကျေးရွာများ ပစ်မှတ်ထား၍ ဗုံးကြဲ ခံခဲ့ရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာနှင့် ဒရုန်းများ အသုံးပြု၍ ပေါင် ၅၀၀ အရွယ်ဗုံးများ ဆက်တိုက် ကြဲချခဲ့ပြီး ဓညဝတီရေတပ်စခန်းထဲမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

AA စစ်ရေးအရင်းအမြစ်တရပ်က "ဓညဝတီရေတပ်စခန်းထဲရှိ စည်မော်ရွာက ကင်းစခန်း ကို AA ဖျက်ဆီးနိုင်ခဲ့ပြီး လေကြောင်းမှ ဆက်လက်တိုက်ခိုက်ခံရသည်" ဟု ပြောသည်။

အဆိုပါ ဗုံးကြဲမှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ သေးမသိရှိနိုင်ပေ။

ထို့ပြင် ကျောက်ဖြူမြို့ပေါ်ရှိ "ကုလားဘာ" ရပ်ကွက်ထဲသို့ လက်နက်ကြီး ၉ လုံး ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း မျက်မြင်များက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ကျောက်ဖြူမြို့နယ်အတွင်း စစ်ရေးပြင်းထန်မှုများ အဆက်မပြတ် ဖြစ်ပွားနေပြီး AA နှင့် စစ်ကောင်စီတပ် ထံမှ တရားဝင်ထုတ်ပြန်ချက်များ မထွက်ရှိသေး ပါ။

(သတင်းရင်းမြစ် – Rakine Focus)


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top