ပေါက်တောမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၄ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

1

ရခိုင်ပြည်နယ်အရေးကြီးသော သတင်းဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ (သောကြာနေ့)

ပုံ - ABN News

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ခန့်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး၊ ၁၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူများမှာ –

  • မခိုင်ဇင်လှိုင် (အသက် ၁၂ နှစ်) – ကျောက်တောင်ရွာမှ
  • ဒေါ်မလုံး (အသက် ၅၀ နှစ်) – ကျောက်တောင်ရွာမှ
  • မောင်ငြိမ်းနိုင် (အသက် ၅ နှစ်) – ကျောက်တောင်ရွာမှ
  • ကိုကိုလင်း (အသက် ၂၄ နှစ်) – မညှင်းကိုင်းရွာမှ

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပေါက်တောမြို့၊ ငပြီကျွန်း၊ ပိန္နဲချောင်းကျွန်းနှင့် ဆံတော်သျှင်ကျွန်းတို့ပါဝင်သည့် ကျေးရွာ ၈ ရွာကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ဒဏ်ရာရသူများမှာ –

  • ကိုနေထွန်းလင်း (၂၄ နှစ်) – ကျောက်တောင်ရွာ
  • မဖြူဖြူဆန်း (၂၃ နှစ်) – ကျောက်တောင်ရွာ
  • မနေစိုးမ (၃၀ နှစ်) – ကျောက်တောင်ရွာ
  • မပန်းအိနွယ် (၆ နှစ်) – ကျောက်တောင်ရွာ
  • ဦးအောင်သာထွန်း (၄၅ နှစ်) – မညှင်းကိုင်းရွာ
  • ဒေါ်သန်းသန်းအေး (၃၆ နှစ်) – မညှင်းကိုင်းရွာ
  • မောင်ဦးကိုဝင်း (၈ နှစ်) – မညှင်းကိုင်းရွာ
  • မဝေဝေစိုး (၁၄ နှစ်) – မညှင်းကိုင်းရွာ
  • ဦးမာတာပေါင် (၃၀ နှစ်) – ဆင်တက်မော် (မူဆလင်)ရွာ
  • ဒေါ်ရှော်ရီဘာယာဒူ (၄၀ နှစ်) – အနောက်ရဲရွာ
  • မောင်ဝူဆမန်ဒါအန်ဂေါ် (၇ နှစ်) – အနောက်ရဲရွာ
  • ဒေါ်ယဉ်သိန်းနု (၆၂ နှစ်) – ဆင်တက်မော် တောတန်းရွာ
  • ဦးဆန်းမြတ်သူ (၂၈ နှစ်) – ဆင်တက်မော် တောတန်းရွာ
  • ဦးသန်းစိန်အောင် (၄၁ နှစ်) – ဆင်တက်မော် ဘော်ဒလီရွာ
  • ဒေါ်သန်းနုအေး (၅၀ နှစ်) – ဆင်တက်မော် ဘော်ဒလီရွာ
  • ဒေါ်စောသိန်းခိုင် (၄၅ နှစ်) – ဆင်တက်မော် ဘော်ဒလီရွာ
  • ဦးကျော်ဇေယျ (၃၉ နှစ်) – ဆင်တက်မော် ဘော်ဒလီရွာ

ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးခန်းများသို့ပို့ဆောင်၍ ဆေးကုသမှု ခံယူနေကြပြီး ဒဏ်ရာပြင်းထန်သူများကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်သည်ဟု ဆေးဝန်ထမ်းများကသတိပေးသည်။

စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများသည် ပုံမှန်ဖြစ်လာပြီး၊ ယခင်က ဇန်နဝါရီ ၁၂ ရက်နေ့တွင်လည်း ပေါက်တောမြို့နယ်၊ တောင်ဦးမော်ကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။

အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေးနှင့် လူ့ဘောင်အနေအထားများ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

Post a Comment

1 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top