မြောက်ဦးမှာ ကုရ်အာန်အာဂုံဆောင်တွေကို ဘွဲ့လက်မှတ် ချီးမြှင့်ပွဲ ကျင်းပ

0

 မြောက်ဦးမှာ ကုရ်အာန်အာဂုံဆောင်တွေကို ဘွဲ့လက်မှတ် ချီးမြှင့်ပွဲ ကျင်းပ

ULA/AA တာဝန်ရှိသူတွေ တက်ရောက် အားပေး

📅 ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ (သောကြာနေ့) | Rakine Focus

မြောက်ဦးမြို့နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ကုရ်အာန်အာဂုံဆောင်သူတွေကို ဘွဲ့လက်မှတ် ချီးမြှင့်တဲ့ (ဂျလ်ဆာ) ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့ကြောင်း Golden Era ကို ကိုးကားပြီး သိရပါတယ်။

အဆိုပါ အခမ်းအနား ကျင်းပနိုင်ဖို့ AA ဘက်က အကူအညီပေးခဲ့ပြီး၊ ULA/AA ရဲ့ မြောက်ဦးမြို့နယ် တာဝန်ရှိသူတွေ ကိုယ်တိုင် တက်ရောက် အားပေးခဲ့တယ်လို့ သိရပါတယ်။


အစ္စလာမ်ဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားတဲ့ ကုရ်အာန်ကျမ်းတစ်စောင်လုံးကို အလွတ်ကျက်မှတ်နိုင်သူတွေ ကို သက်ဆိုင်ရာ ကျောင်းတွေက ဘွဲ့လက်မှတ် ချီးမြှင့်လေ့ရှိပြီး၊ ရိုဟင်ဂျာ မွတ်စလင်အသိုင်းအဝိုင်းမှာ နှစ်စဉ် အများအပြား ပေါ်ထွက်လေ့ရှိကြောင်း သိရပါတယ်။

ရာမဒန်လမတိုင်မီမှာ အစ္စလာမ်ဘာသာရေးကျောင်းတွေမှာ ဂျလ်ဆာ (ဆုချီးမြှင့်ပွဲ) များကျင်းပလေ့ရှိပြီး၊ တစ်နှစ်ပတ်လုံး ထူးချွန်တဲ့ ကျောင်းသားတွေကို ဆုချီးမြှင့်ကြတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြောပါတယ်။


AA ထိန်းချုပ်နယ်မြေတွေထဲမှာ မောင်တောခရိုင်အတွင်း အစ္စလာမ်ဘာသာရေးကျောင်း တချို့ ပိတ်ထားရပေမယ့်၊ အခြားမြို့နယ်များက ကျောင်းအများအပြား ဖွင့်ခွင့်ရရှိထားကြောင်း သိရပါတယ်။ AA ဘက်ကလည်း ကျောင်းတွေက ကျင်းပတဲ့ ဂျလ်ဆာ (ဆုချီးမြှင့်ပွဲ) တွေကို ပွဲဖြစ်မြောက်အောင် ကူညီပေးသလို၊ အခမ်းအနားတွေကို တာဝန်ရှိသူတွေ တက်ရောက်အားပေးလေ့ရှိကြောင်း ဒေသခံ ရိုဟင်ဂျာဘာသာရေးဆရာအသိုင်းအဝိုင်းက Rakine Focus ကို ပြောကြားပါတယ်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top