စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသွားမည် – ပူတင်နှင့်တွေ့ဆုံဖို့ စီစဉ်ထား

0

 စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသွားမည် – ပူတင်နှင့်တွေ့ဆုံဖို့ စီစဉ်ထား

(Friday, February 28, 2025 – Rakine Focus)

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ မကြာမီရုရှားနိုင်ငံသို့ ခရီးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်သည့် မြန်မာ့အသံက ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါခရီးစဉ်သည် နိုင်ငံတော်အဆင့်


ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပြီး စစ်ကောင်စီမှ အဆင့်မြင့်အရာရှိများလည်း လိုက်ပါမည်ဟု သိရသည်။

မင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်၊ ဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ တို့နှင့် တွေ့ဆုံရန် ရည်ရွယ်ထားသည်။ ထို့အပြင် စီးပွားရေး၊ လုံခြုံရေး နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်မှစ၍ ရုရှားသို့ သုံးကြိမ်ခန့် ခရီးသွားခဲ့ပြီး အာဏာသိမ်းပြီးနောက် နိုင်ငံတကာတွင် ဖယ်ရှားခံနေရသည့် စစ်ကောင်စီသည် တရုတ်နှင့် ရုရှားတို့နှင့် နီးကပ်ဆက်ဆံရေး ဆက်လက်ရှိနေသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင်လည်း တရုတ်သို့ အစည်းအဝေးတက်ရောက်ရန် ခရီးထွက်ခဲ့သည်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top