ထိုင်းရောက် အမေရိကန်နိုင်ငံသားတွေကို သံရုံးက လုံခြုံရေးသတိပေးချက် ထုတ်ပြန်
ထိုင်းအစိုးရက ဝီဂါမွတ်ဆလင် ၄၀ ဦးကို မနေ့က (ဖေဖော်ဝါရီ ၂၇) တရုတ်နိုင်ငံသို့ ပြန်လွှဲခဲ့ပြီးနောက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လုံခြုံရေးသတိပေးချက် ထုတ်ပြန်လိုက်သည်။
၂၀၁၅ ခုနှစ်တွင် ထိုင်းအစိုးရက ဝီဂါဒုက္ခသည်တွေကို တရုတ်သို့ ပြန်လွှဲခဲ့ချိန်တွင် ဘန်ကောက်မြို့ ဧရာဝဏ်ဝတ်ပြုကျောင်း (လေးမျက်နှာဘုရား) တွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂၀ သေဆုံးကာ ၁၂၅ ဦး ဒဏ်ရာရခဲ့သည်။ ထိုသို့ အကြမ်းဖက်ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်နိုင်ခြင်းကို အမေရိကန်သံရုံးက သတိပေးထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် နေထိုင်သည့် အမေရိကန်နိုင်ငံသားများအနေဖြင့် လုံခြုံရေးကို မြှင့်တင်ကြောင်းထုတ်၍ လူအသွားအလာများသည့် နေရာများတွင် သတိထားကြဖို့ သံရုံးက တိုက်တွန်းထားသည်။


