Je Yang ဒုက္ခသည်စခန်းက ကျောင်းသူသုံးဦး ပြန်ပေးဆွဲ သတ်ဖြတ်မှု – တရားခံဖမ်းမိ

0

 Je Yang ဒုက္ခသည်စခန်းက ကျောင်းသူသုံးဦး ပြန်ပေးဆွဲ သတ်ဖြတ်မှု – တရားခံဖမ်းမိ



February 26, 2025
Written by Arakan Beacon News -ABN

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIO/KIA ဌာနချုပ်အတွင်းက Je Yang စစ်ရှောင်စခန်းမှာ ကျောင်းသူမိန်းကလေးသုံးဦး ပြန်ပေးဆွဲခံရပြီး သတ်ဖြတ်ခံခဲ့ရသည့် အမှုတွင် တရားခံဖြစ်သူအား ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။


ဖေဖော်ဝါရီ ၂၂ ရက်တွင် အသက် ၁၀ နှစ်အရွယ် လထော်ရွယ်ဂျီ (Lahtaw Roi Ji)၊ နန်းဇိုင်းဂျီဆန်းမိုင် (Nangzing Ji San Mai) နှင့် အသက် ၁၁ နှစ်အရွယ် ဖောင်ယမ်ဆွတ်ဆိုင်းအိန် (Hpauyam Sut Seng Ing) တို့ ပျောက်ဆုံးသွားခဲ့သည်။ ထိုသို့ပျောက်ဆုံးပြီးနောက် မတိုင်မီက မိဘများထံ တရုတ်ယွမ် ၃ သိန်း ဖြင့် ပြန်ပေးဆွဲမှုအတွက် ငွေပေးချေစေလိုသည့် သတင်းများ ပေးပို့ခံရကြောင်း သိရသည်။

အဆိုပါ မိန်းကလေးသုံးဦးအား ဖမ်းဆီးထားသူက လက်ပြန်ကြိုးတုပ်ထားသည့် ပုံများ ပေးပို့ခဲ့ပြီး မိဘများထံ ငွေပေးချေမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ သို့သော် ငွေပေးချေမှု မဖြစ်နိုင်သည့် အခြေအနေကြောင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ တရားခံ အုန်းဆောဒွဲအောင် (Ung Sau Doi Awng) ကို KIA လက်နက်ကိုင်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


ဖမ်းမိသည့် တရားခံမှာ ပြန်ပေးဆွဲခံထားရသည့် မိန်းကလေးငယ်များကို သင်ကြားပေးနေသည့် ဆရာမ၏ ခင်ပွန်း ဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်လာသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်တွင် မိန်းကလေးငယ်များအား မတော်မတရား ချော့မော့ခေါ်ဆောင်ပြီး ပြန်ပေးငွေ မရချိန်တွင် သတ်ဖြတ်လိုက်သည် ဟု ဝန်ခံခဲ့သည်။

KIA နှင့် ဒေသခံ မျက်မြင်သက်သေများထံမှ သိရှိရသည်များအရ—

မိန်းကလေးနှစ်ဦး၏ ရုပ်အလောင်းကို ညနေပိုင်းတွင် တွေ့ရှိခဲ့သည်။

ကျန်ရှိသည့် တစ်ဦးကို မနက်ပိုင်းတွင် လည်ပင်းဆွဲကြိုးချထားသည့် အနေအထား ဖြင့် တွေ့ရှိခဲ့သည်။


Je Yang စစ်ရှောင်စခန်းသည် KIO/KIA ဌာနချုပ် လိုင်ဇာတွင် အကြီးဆုံး စစ်ရှောင်စခန်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက စစ်ရှောင် ၈,၀၀၀ ကျော်နေထိုင်လျက်ရှိသည်။ လက်ရှိတွင် KIA က တရားခံအား မည်သည့်ပုံစံဖြင့် အရေးယူမည်နည်း ဆိုသည်များကို မထုတ်ပြန်သေးပေ။

Source: Arakan Beacon News  ABN


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top