မိုးဗြဲမြို့ကို စစ်ကောင်စီက မီးလောင်ဗုံးနှင့် ဓာတုဗုံးများ အသုံးပြုတိုက်ခိုက် – KNDF ဇုန်တပ်ရင်းမှူး ပြော

0


ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က မီးလောင်ဗုံးများနှင့် ဓာတုဗုံးများကို အသုံးပြု၍ ပြင်းထန်စွာ တိုက်ခိုက်နေကြောင်း KNDF (ကရင်နီအမျိုးသားကာကွယ်ရေးတပ်) မိုးဗြဲဇုန် တပ်ရင်းမှူး သိန်းထွန်းက ဖော်ပြသည်။

"နောက်ဆုံးနှစ်ရက်အတွင်း မီးလောင်ဗုံးတွေနဲ့ အဆိပ်ငွေ့ ဓာတုဗုံးတွေကြဲတာကြောင့် အိမ်တွေမီးလောင်သွားတယ်။ အဆိပ်ငွေ့ကြောင့်လည်း လူတွေ မူးဝေပြီး နုန်းနေတဲ့အခြေအနေတွေရှိလာတယ်" ဟု KNDF တပ်ရင်းမှူးက ပြောသည်။

စစ်ကောင်စီက မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နွှဲမှုများ ပြင်းထန်စွာ ဆောင်ရွက်နေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုဖြစ်ပွားနေသည်။ KNDF နှင့် မိုးဗြဲ PDF တပ်ဖွဲ့များကလည်း အမြဲတမ်းခုခံကာကွယ်နေကြောင်း အသိပေးခဲ့သည်။

အထူးသဖြင့် စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင်း အများပြည်သူနေထိုင်ရာ ဒေသများကိုပင် ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်နေသည်။ ထို့ကြောင့် မိုးဗြဲမြို့ရှိ ပြည်သူများ၏ လမ်းပေါ်သွားလာမှုကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ ခေတ္တပိတ်ပင်ထားမည်ဟု ကြေညာခဲ့သည်။

KNDF မှာလည်း လိုအပ်သော စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် ခဲယမ်းများကို တက်နိုင်သည့် ဘက်က ကူညီပေးရန် တိုက်တွန်းခဲ့သည်။

စစ်ကောင်စီက ထိုးစစ်အတွင်း အဓမ္မစစ်မှုထမ်းဥပဒေအောက်တွင် ခေါ်ဆောင်ထားသော လူငယ်တပ်သားသစ်များကို အသုံးပြုနေပြီး၊ ဖေဖော်ဝါရီ ၅ ရက်တွင် မိုးဗြဲမြို့ စေတမန်ဘုရားကျောင်းအတွင်းတွင် တပ်စွဲထားသော စစ်တပ်ကို ကရင်နီပူးပေါင်းတပ်မှ တိုက်ခိုက်ရာတွင် အပတ်စဥ် (၆) မှ တပ်သားသစ်များပါဝင်ကြောင်း သတင်းရရှိခဲ့သည်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top