မင်းအောင်လှိုင်နာမည်အသုံးပြုသည့် X အကောင့်မှ မြန်မာခရစ်တိုငွေကြေး ထွက်ရှိကြောင်း ကြော်ငြာ၍ အွန်လိုင်းငွေလိမ်မှု ကြိုးပမ်း

0

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နာမည်ဖြင့် ဖွင့်ထားသော X (ယခင် Twitter) အကောင့်တစ်ခုမှ မြန်မာအစိုးရ ဖန်တီးထားသော ခရစ်တိုငွေကြေး ($BIRMAS) ထွက်ရှိကြောင်း ကြော်ငြာပြီး အွန်လိုင်းငွေလိမ်မှု ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ခရစ်တိုဈေးကွက် လေ့လာသူများက အဆိုပါအကောင့်မှ meme coin အတုများနှင့် လင့်များ ချပေးကာ ငွေလိမ်ဖို့ ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ X အကောင့်တွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးကို တိုးတက်စေရန်အတွက် $BIRMAS ခရစ်တိုငွေကြေး ဖန်တီးထားပြီး ဈေးကွက်တွင် ဝယ်ယူနိုင်ကြောင်း ကြေညာထားပြီး၊ ထိုကြော်ငြာနှင့်အတူ ငွေလိမ်မှုလုပ်ငန်းများအတွက် အသုံးပြုသော လင့်များကိုလည်း ထည့်သွင်းထားသည်။ ထို့အပြင် အဆိုပါအကောင့်တွင် X ၏ အတည်ပြုအမှတ် (Verification Mark) ပါရှိထားပြီး မြန်မာနိုင်ငံနှင့် သက်ဆိုင်သော သတင်းအများအပြားကိုလည်း တင်

ထားသည်။
Cryptopolitan ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်အရ အဆိုပါ X အကောင့်ကို အွန်လိုင်းငွေလိမ်သူများက Hack လုပ်ပြီး ငွေလိမ်မှုအတွက် အသုံးပြုခဲ့နိုင်ကြောင်း ထုတ်ဖော်ထားသည်။ ထို့အပြင်၊ ခရစ်တို ငွေကြေး စုဆောင်းထားသည့် digital wallets များကို တိုက်ခိုက်ရန်လည်း ကြိုးပမ်းခဲ့ကြောင်း သိရသည်။
X အသုံးပြုသူများက မင်းအောင်လှိုင်၏ လူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် သူ့အကောင့်များကို X နှင့် Facebook မှပိတ်ပင်ထားပြီးဖြစ်သဖြင့် ထိုအကောင့်သည် တရားဝင်မဟုတ်နိုင်ကြောင်း သတိပေးခဲ့ကြသည်။
ထိုအကောင့်မှ ဖျော်ဖြေခဲ့သည့် Link များကို ခရစ်တိုဈေးကွက်အသုံးပြုသူများက မိနစ် ၂၀ ခန့်အတွင်း တွေ့ရှိကာ $BIRMAS ခရစ်တိုငွေကြေး ဖြန့်ဝေမှုအစီအစဉ်ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒီအတိုင်း မကြာသေးမီကလည်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်၏ X အကောင့်ကို Hack လုပ်ကာ ခရစ်တိုအတုများဖြန့်ချီ၍ ဒေါ်လာ ၁.၇ သန်းခန့် ငွေလိမ်မှု ပြုလုပ်ခဲ့ကြောင်း သတင်းများဖော်ပြထားသည်။ ထို့အပြင် ကျူးဘားနိုင်ငံအစိုးရ X အကောင့်ကိုလည်း Hack လုပ်ကာ ခရစ်တိုအတုများဖြင့် ငွေလိမ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top