ကျောက်မဲတွင် TNLA ဝတ်စုံဝတ်ဆင်ကာ ငွေတောင်းခံနေသူ လူငယ် ၄ ဦး ဖမ်းဆီးခံရ ကျောက်မဲမြို့၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅

0

ကျောက်မဲမြို့၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ (သောကြာနေ့)


ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ယူနီဖောင်းဝတ်စုံများ ဝတ်ဆင်ကာ ဒေသခံများထံမှ ငွေတောင်းခံနေသော လူငယ် ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်မှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ဆယ်ကျော်သက်အရွယ် လူငယ်များဖြစ်ပြီး၊

အောင်ဟိန်း (အသက် ၁၄ နှစ်)

အခေး (အသက် ၁၈ နှစ်)

အိုက်ဖြိုး (အသက် ၂၁ နှစ်)

အောင်ခမ်း (အသက် ၁၆ နှစ်)

TNLA ထုတ်ပြန်ချက်အရ၊ အောင်ဟိန်း နှင့် အခေး ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ အိုက်ဖြိုး နှင့် အောင်ခမ်း ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သူတို့သည် TNLA ၏ ယူနီဖောင်းဝတ်ဆင်ကာ ကားသမားများထံမှ ငွေတောင်းခြင်း၊ ပြည်သူလူထုအိမ်များထဲသို့ ဝင်ရောက် ခိုးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒေသခံများ၏ သတင်းပေးတိုင်ကြားချက်များအပေါ် မူတည်၍ TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ လူငယ် ၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးမှုအတွင်း၊ TNLA ဝတ်စုံများ၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝတ်စုံနှင့် ဆင်တူသည့် ယူနီဖောင်းများ၊ ဓားများနှင့် ဖောက်ထွင်းရေးပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင်လည်း ကျောက်မဲမြို့တွင် နေအိမ်ဖောက်ထွင်းမှု၊ စစ်ကောင်စီတပ်အား သတင်းပေးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် ဆက်စပ်သူ ၁၈၀ ဦး ကို TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top