စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ရုရှားသမ္မတ ပူတင်နှင့် မတ် ၄ ရက် တွေ့ဆုံမည်

0
Arakan Beacon News
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ရုရှားသမ္မတ ပူတင်နှင့် မတ် ၄ ရက် တွေ့ဆုံမည်

📅 ၂၀၂၅ မတ်လ ၂ ရက် (တနင်္ဂနွေနေ့)
မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ်လ ၄ ရက် တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး၊ လုံခြုံရေး အပါအဝင် နိုင်ငံတကာကိစ္စရပ်များ ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံး ထုတ်ပြန်သည်။
ပူးတွဲကြေညာချက်နှင့် လက်မှတ်ရေးထိုးမှု
အဆိုပါ တွေ့ဆုံမှုပြီးနောက် နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်မည် ဖြစ်ပြီး ဌာနဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်၍ ရုရှားနိုင်ငံ၏ ဖိတ်ကြားမှုဖြင့် ခရီးစဉ်သွားရောက်နေ ပြီး ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ အပါအဝင် အရေးကြီးသော ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ထားသည်။

  • ဆွေးနွေးမည့် အဓိကအကြောင်းအရာများ
  • နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံမှုများ
  • စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမျာ
  • လုံခြုံရေး နှင့် စစ်ဘက်ဆိုင်ရာ မဟာဗျူဟာများ
  • အပြည်ပြည်ဆိုင်ရာ အကျိုးတူ ဆောင်ရွက်မှုများ


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top