အာရက္ခမရဏဂိတ်: မောင်တောမြို့နယ် ရိုဟင်ဂျာပြည်သူများအတွက် ဒုက္ခစွာအကြုံ

0

အာရက္ခမရဏဂိတ်: မောင်တောမြို့နယ် ရိုဟင်ဂျာပြည်သူများအတွက် ဒုက္ခစွာအကြုံ


မောင်တောမြို့နယ်အတွင်း AA တပ်ဖွဲ့ဝင်များက သွားလာသူများအား စစ်ဆေးမှုများပြုလုပ်နေပြီး၊ အထူးသဖြင့် ရိုဟင်ဂျာများကို ပိုမိုတင်းကျပ်စစ်ဆေးခြင်း၊ ငွေတောင်းခြင်း၊ နှိပ်စက်မှုများ ပြုလုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။
စစ်ဆေးရေးဂိတ်များတွင် AA တပ်သားများသည် အရက်သောက်ပြီး ပြည်သူများကို ဆဲဆိုနှိပ်စက်ခြင်း၊ သက်သေမဲ့စွပ်စွဲခြင်း၊ ငွေတောင်းခြင်းများ ပြုလုပ်နေသည်။ သက်သေရှိသူတစ်ဦးက "ကျောက်လှေခါးဈေးမှာ ဈေးဝယ်ဖို့ယူလာတဲ့ ငွေ ၁သိန်းခွဲကို AA တပ်သားများကို အတင်းအကျပ် ပေးလိုက်ရတယ်" ဟု ပြောသည်။
မောင်တောမြို့နယ်တွင် ယခင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲများထားသည့် စစ်ဆေးရေးဂိတ်များကို AA တပ်ဖွဲ့ဝင်များက သိမ်းယူထားပြီး၊ ထို့ပြင် အသစ်တိုးချဲ့ထားသည့် စစ်ဆေးရေးဂိတ်များတွင်လည်း AA တပ်သားများက ရိုဟင်ဂျာပြည်သူများကို အလွန်အမင်း နှိပ်စက်နေသည်ဟု သိရှိရသည်။
မောင်တောမြို့နယ်တွင် AA တပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာများအား သွားလာခွင့် မပြုဘဲ၊ တချို့နေရာများတွင် AA ခွင့်ပြုမိန့် (ထောက်ခံစာ) မပါလျှင် ဖြတ်သန်းခွင့်မရှိဘဲ အတားအဆီးများ တင်ထားသည်။ ထိုထောက်ခံစာရရန် အတွက် AA ကို ပိုက်ဆံပေးရန်လိုသည်ဟု ဒေသခံများက ဆိုသည်။ တချို့ဒေသများတွင် AA က သတ်မှတ်ထားသည့် ရွာအတွင်းသာ သွားလာခွင့်ရှိပြီး၊ တခြားနေရာများသို့ သွားရန် ခွင့်မပြုကြောင်း သိရှိရသည်။
AA တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများကြောင့် မောင်တောမြို့နယ်အတွင်း ရိုဟင်ဂျာပြည်သူများသည် အမြဲတမ်း ဒုက္ခနွှမ်းနယ်နေရပြီး၊ သွားလာခွင့်လွတ်လပ်မှု လုံးဝမရှိကြောင်း သိရှိရသည်။ တချို့နေရာများတွင် သွားလာလိုပါက အတင်းအကျပ်ငွေတောင်းခံခြင်း၊ နှိပ်စက်ခြင်းများ ခံနေရကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် AA တပ်ဖွဲ့ဝင်များသည် မူးယစ်ထွက်ရှိမှုများ ပြုလုပ်နေကြသော်လည်း နယ်မြေမှူးများသည် ထိရောက်သော အရေးယူမှုများ ပြုလုပ်ခြင်း မရှိကြောင်း သိရှိရသည်။
မောင်တောမြို့နယ်တွင် AA တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည့် အကြမ်းဆုံး စစ်ဆေးရေးဂိတ်များမှာ -
(၁) လှဖိုးခေါင်းတံတားနား
(၂) သရက်အုပ်ကျေးရွာစခန်းအနီး
(၃) လှဖိုးခေါင်း IDP စခန်းရှေ့
(၄) ငန်းချောင်းကျေးရွာ မြောက်ဘက်
(၅) ငန်းချောင်းကျေးရွာ တောင်ဘက် တို့ဖြစ်ကြောင်း သိရှိရသည်။
ULA/AA သည် "အာရက္ခပြည်သူများအား ခွဲခြားမှုမပြုကြောင်း" ဟု ထုတ်ဖော်ဆိုကြသော်လည်း၊ လက်တွေ့တွင် မောင်တောမြို့နယ်အတွင်း ရိုဟင်ဂျာများအပေါ် တင်းကျပ်မှုများ ပြုလုပ်နေပြီး၊ အခြားလူမျိုးများက သွားလာလွတ်လပ်မှု ရရှိနေကြသည်။ AA ၏ ဥပဒေမဲ့စစ်ဆေးရေးဂိတ်များသည် ရိုဟင်ဂျာများအတွက် "အာရက္ခမရဏဂိတ်" ဖြစ်နေကြောင်း သက်သေပြနေသည်။

Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top