SMFC ၏ စုပေါင်းလက်မှတ်ရေးထိုးစာကို ဗြိတိန်ရှိ ထိုင်းနှင့် မလေးရှားသံရုံးများလက်ခံ
(၆ မတ်၊ ၂၀၂၅) – SMFC သည် မြန်မာအရေးနှင့်ပတ်သက်၍ စုပေါင်းလက်မှတ်ရေးထိုးကာ ပေးပို့သောစာကို ဗြိတိန်နိုင်ငံရှိ ထိုင်းနှင့် မလေးရှားသံရုံး တာဝန်ရှိသူများကိုယ်တိုင် လက်ခံယူသွားကြောင်း သိရှိရသည်။
မတ်လ ၅ ရက်နေ့တွင် ဆန္ဒပြပွဲကျင်းပပြီးနောက် SMFC မှ ထိုင်းနှင့် မလေးရှားသံရုံးများသို့ တင်ပြသည့် သေသေချာချာရေးသားထားသည့် သဝဏ်လွှာကို တာဝန်ရှိသူများက ကိုယ်တိုင်လက်ခံခဲ့သည်။
လူသားချင်းစာနာမှုနှင့်တပြိုင်နက် ပြုမူဆောင်ရွက်သည့် ထိုသံရုံးများ၏ လုပ်ဆောင်မှုကို SMFC မှ အသိအမှတ်ပြုလေးစားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် လာရောက်ပူးပေါင်းဆန္ဒပြသည့်ပြည်သူများနှင့် စာတွင်ပါဝင်သည့် အချက်အလက်များကို ထောက်ခံလက်မှတ်ထိုးပေးခဲ့သည့် အဖွဲ့အစည်း ၂၁ ခုအတွက် လည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။'
ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် မှတ်ပုံမတင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြန်မပို့ခံရရေးအတွက် SMFC သည် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


