ယူကရိန်း၏ တိုက်ခိုက်မှုသည် အမေရိကန်အပေါ် သစ္စာမဲ့မှုဖြစ်ကြောင်း ရုရှားက ပြောကြား
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက ယူကရိန်းသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို ဖောက်ဖျက်နေသည်ဟု ပြောကြားခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
သူမက "ယူကရိန်းအစိုးရက စွမ်းအင် အခြေခံအဆောက်အအုံများကို မတိုက်ခိုက်ရန် သဘောတူခဲ့သော်လည်း မတ်လ ၁၉ ရက်မှစ၍ ရုရှားရှိ စွမ်းအင်အဆောက်အအုံများကို ဆက်တိုက် တိုက်ခိုက်နေသည်" ဟု ပြောကြားသည်။ ထို့အပြင် ယူကရိန်းစစ်တပ်က ဒရုန်းများအသုံးပြု၍ လူနေအိမ်များနှင့် လူမှုရေးအဖွဲ့အစည်းများကိုပါ တိုက်ခိုက်ရန် ညွှန်ကြားထားသည် ဟု ဆိုသည်။
ဇာခါရိုဗာက "ယူကရိန်းသည် အမေရိကန်ထံမှ လက်နက်များနှင့် ထောက်လှမ်းရေးသတင်းများ မလက်ခံသင့်တော့" ဟု ပြောဆိုခဲ့သည်။ ယူကရိန်းက တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်နေပါက "ရုရှားအနေနဲ့လည်း ယူကရိန်းရှိ စွမ်းအင် အခြေခံအဆောက်အအုံများကို လက်တုံ့ပြန် တိုက်ခိုက်မည်" ဟုလည်း သတိပေးလိုက်သည်။


