ဘုရားသုံးဆူမြို့အနားသို့ တရုတ်လူမျိုးများ ပြောင်းရွှေ့နေဟု မြို့ခံများ ပြောဆို

0

ဘုရားသုံးဆူမြို့အနားသို့ တရုတ်လူမျိုးများ ပြောင်းရွှေ့နေဟု မြို့ခံများ ပြောဆို



မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသူများအား ၂၀၂၄ ခုနှစ် မေလတွင် နယ်ခြားစောင့်တပ် (BGF) မှ ထွက်ခွာရန် သတိပေးစာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း လူဦးရေ ထောင်ဂဏန်းလောက်သည် ဘုရားသုံးဆူမြို့ဘက်သို့ ရောက်ရှိလာကြောင်း မြို့ခံများက ဖော်ပြထားသည်။

မြို့ခံတစ်ဦးက “မြို့ပေါ်မှာ တရုတ်လူမျိုးတွေ သိပ်မတွေ့ရတော့ဘူး။ ဆိုင်ခန်းဖွင့်ထားတဲ့သူတွေလောက်ပဲ ကျန်တော့တယ်။ စားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်တွေလောက်ပဲ ရှိတာပါ။ တခြားသူတွေက နယ်မြို့နယ်တွေဘက်ကို ပြောင်းရွှေ့သွားကြတယ်” ဟု ပြောဆိုသည်။

လုံခြုံရေးအရ နာမည်မဖော်ပြလိုသူ တစ်ဦးကလည်း “တရုတ်လူမျိုးများသည် ဘုရားသုံးဆူမြို့အပြင်ဘက်ရှိ ကျောက်ဘီလူး၊ ဗိုလ်အေဝမ်းရေတံခွန်နဲ့ အနီးနားက ကရင်ရွာများတွင်နေထိုင်နေကြသည်” ဟု ပြောကြားသည်။

ထိုင်းအစိုးရသည် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့်ပတ်သက်၍ ထိန်းချုပ်မှု ပိုမိုတင်းကျပ်လာခြင်းကြောင့် မြန်မာနယ်စပ်ဘက်သို့ အင်တာနက်၊ လျှပ်စစ်မီးနှင့် လောင်စာဆီ ရောင်းချမှုကို ဖြတ်တောက်ထားသည်။

Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top