ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာအကူအညီ အရေးပေါ်လိုအပ် – Tom Andrews
![]() |
| စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄) |
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Tom Andrews က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် နောက်ထပ် လူသတ်မှုများ ဆက်လက်ဖြစ်ပွားနေသောအခြေအနေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု လိုအပ်သည်ဟု တိုက်တွန်းလိုက်သည်။ မေလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာထောင်နဲ့ချီသေဆုံးနိုင်သည့် အရေးတကြီးကိစ္စဖြစ်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ထည့်သွင်းစဉ်းစားမှုမရှိပါက ထပ်မံအသက်ဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။
ဂြိုလ်တုမှရရှိသည့် အချက်အလက်များအရ ဘူးသီးတောင်မြို့နယ်အတွင်း နေအိမ်များ မီးလောင်ကွဲသွားခြင်းများ ဖြစ်ပွားနေပြီး သောင်းနဲ့ချီသော ရိုဟင်ဂျာများ အိုးအိမ်မဲ့ ဖြစ်နေရသည်။ ထို့အပြင် စစ်တပ်က အင်တာနက်ကို ဖြတ်တောက်ထားခြင်း ကြောင့် ရခိုင်မြောက်ပိုင်းတွင်ဖြစ်ပျက်နေသည့် သတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများနှင့် ပျောက်ဆုံးမှုများ အတည်ပြုရန် ခက်ခဲနေသော်လည်း ယုံကြည်ရလောက်သော သတင်းများ ထွက်ပေါ်နေသည် ဟု Tom Andrews ကထပ်မြှောက်ဖော်ပြခဲ့သည်။
ဒီအခြေအနေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းသည် မဖြစ်မနေ အရေးပေါ်ဆောင်ရွက်မှုများ ချက်ချင်းပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် စစ်တပ်၊ အာရက္ခတပ်တော် (AA) နှင့် ARSA တို့အပါအဝင် လှုပ်ရှားနေသည့် အဖွဲ့အစည်းများသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများကို လိုက်နာရန် လိုအပ်ပြီး အပြစ်မဲ့ ပြည်သူများကို ကာကွယ်ပေးရန် တာဝန်ရှိသည် ဟုလည်း ထုတ်ပြန်ချက်တွင် အလေးပြုဖော်ပြထားသည်။
Tom Andrews က ရိုဟင်ဂျာများအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ ချက်ချင်း ပေးအပ်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်ပေးရန် တောင်းဆို လို
က်သည်။


