အရာကန်အလင်းပြတိုက် (ARAKAN BEACON NEWS)
အစ္စရေးလ် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဆီးရီးယား မြို့တော် ဒမတ်စကတ်၏ တောင်ပိုင်းဒေသများတွင် ဆီးရီးယားတပ်မတော်အသစ်များ သို့မဟုတ် HTS (Hayat Tahrir al-Sham) လို သူပုန်အဖွဲ့များကို တပ်ချခွင့်မပြုဘူးဟု သတိပေးခဲ့သည်။
နေတန်ယာဟုက ဂျော်ဒန်နိုင်ငံတွင် ကျင်းပသည့် ဆီးရီးယားအနာဂတ်ဆွေးနွေးပွဲတစ်ခုအတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားတွင် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်အပြီး အစိုးရအသစ်က နိုင်ငံကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ်ကာလဖြစ်သည်။
အစ္စရေးလ်က ဆီးရီးယားတောင်ပိုင်းကို လုံးဝ စစ်မဲ့နယ်မြေအဖြစ် သတ်မှတ်ရန် တောင်းဆိုထားပြီး ဒေသခံ ဒရုဇ် ရပ်ရွာများကို ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် အသေအချာ ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထပ်မံအသိပေးခဲ့သည်။
အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး Israel Katz က Hermon တောင်ထိပ်နှင့် ကြားခံဇုံများတွင် အစ္စရေးလ်တပ်များကို အကန့်အသတ်မဲ့ဆက်ထားမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တောင်ပေါ်တွင် တပ်စခန်း ၂ ခု၊ ကြားခံဇုံတွင် တပ်စခန်း ၇ ခု တပ်ချထားကြောင်းလည်း ဖော်ပြခဲ့သည်။
ဒီဇင်ဘာလအတွင်း ဆီးရီးယား အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် အစ္စရေးလ်တပ်များက ကုလသမဂ္ဂက ထိန်းသိမ်းထားသော နယ်မြေများကို သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ၁၉၇၄ အပစ်ရပ်သဘောတူညီချက်အရ ကြားခံဇုံတည်ဆောက်ထားခဲ့ပြီး ဆီးရီးယားအာဏာပိုင်အသစ်နှင့် ကုလသမဂ္ဂ တာဝန်ရှိသူများက အစ္စရေးလ်တပ်များကို ရုပ်သိမ်းရန် တောင်းဆိုထားကြောင်း သိရသည်။
ဆီးရီးယားအာဏာပိုင်များနှင့် ကုလသမဂ္ဂဘက်မှ တုံ့ပြန်ချက်များကို လည်း မကြာမီ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြသည်။
Source: ARAKAN BEACON NEWS
ဆီးရီးယားတပ်တွေ မြို့တော်တောင်ပိုင်းမှာ တပ်မချဖို့ အစ္စရေးလ်က သတိပေး
February 23, 2025
0
Tags
Share to other apps


