စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသားများကို စစ်မှုထမ်းခေါ်ယူနိုင်ခြေကြောင့် စိုးရိမ်နေကြ (လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ

0
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅ | Arakan Beacon

စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားများအား စစ်မှုထမ်းခေါ်ယူနိုင်သည့် သတင်းများ ထွက်ပေါ်လာကြောင်း သိရှိရပြီး ထောင်တွင်ကျခံနေသော အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် စိုးရိမ်ပူပန်နေကြသည်။

စစ်တွေ ထောင်တွင် အကျဉ်းခံစားနေသော ရဲပြေး၊ စစ်ပြေးနှင့် အမှုရင်ဆိုင်နေရသူများအနက် စစ်မှုထမ်းခေါ်ယူနိုင်သည့်သူများစာရင်းကို ထောင်အာဏာပိုင်များက ကောက်ယူနေကြောင်း သတင်းရရှိသည်။ ထောင်တွင် အမှုစဉ်ဖြင့်အကျဉ်းခံစားနေသူများအပေါ် အထူးသဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေကြောင်း သိရပြီး အကျဉ်းသားများအနက် အချို့ကို အပေးအယူဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည်ဟု ယူဆရသည်။

အကျဉ်းသားတစ်ဦးက "ထောင်ထဲမှာ ရဲပြေး၊ စစ်ပြေးတွေနဲ့ အမှုကျသူတွေ ထောင်ထဲမှာရှိနေကြတယ်။ သူတို့ထဲက စစ်မှုထမ်းခေါ်ဖို့ စီစဉ်နေကြောင်း သိရှိရတယ်။ ထောင်ဝန်ထမ်းတွေနဲ့ အပေးအယူတွေပါရှိနေတာကြောင့် မည်သည့်အချိန်မှာမဆို ခေါ်ယူနိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

ထိုသတင်းများကြောင့် ထောင်သားများနှင့် မိသားစုဝင်များသည် စိုးရိမ်မှုများမြင့်တက်နေပြီး ထောင်ပြောင်းခံရနိုင်ခြေ၊ စစ်မှုထမ်းခေါ်ယူခံရနိုင်ခြေများကြောင့် ပူပန်နေကြသည်။ ထောင်တွင်းအခြေအနေများအနေဖြင့်လည်း အစားအသောက်အခက်အခဲများ၊ ဆေးဝါးများမရရှိမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု သက်သေများက ပြောကြားခဲ့သည်။

"ထောင်ထဲမှာ အစားအသောက်က အရမ်းဆိုးပါတယ်။ ငါးသရွဲခြောက်တစ်ကောင်ကို သုံးခါဖြတ်ပြီး ဟင်းအရည်နည်းနည်းနဲ့ပဲ ကျွေးပါတယ်။ ထောင်ဝန်ထမ်းတွေကလည်း အစားအသောက်တွေကနေ ဖြတ်တောက်တာတွေ ရှိပါတယ်။ ထောင်ထဲမှာ ထောင်ဝင်စာ မရသူတွေကတော့ တကယ့်ကို အခက်ကြုံနေရပါတယ်" ဟု အကျဉ်းသားတစ်ဦးက ပြောကြားခဲ့သည်။

ထိုအပြင် အကျဉ်းသားများအတွက် ကျန်းမာရေးဆိုင်ရာ ကူညီမှုများလည်း မရရှိနိုင်ဘဲ နာတာရှည်ရောဂါဖြင့် မောပန်းနေလျက်ရှိသူများအတွက်ပါ ဆေးကုသမှု မပြုလုပ်ပေးဘဲ ပိတ်ထားကြောင်းလည်း သိရသည်။ ထောင်အတွင်း တင်းနစ်ပြိုင်ပွဲများနှင့် ပန်းချီပြိုင်ပွဲများ စီစဉ်နေသော်လည်း အကျဉ်းသားများအတွက် အခြေခံလိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ဘဲ ဟန်ပြသမှုသာ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်ကြောင်း ကြေညာခဲ့ပြီး ထို့နောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းအပတ်စဉ်များအတိုင်း လူငယ်များအား ခေါ်ယူလာခဲ့သည်။ အဆိုပါကာလအတွင်း အရပ်သားပြည်သူ ၁၂,၆၅၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database (SRD) မှ ထုတ်ပြန်ခဲ့သည်။

စစ်တွေ အကျဉ်းထောင်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကျဉ်းသားများအား စစ်မှုထမ်းခေါ်ယူနိုင်ခြေများသည် နောက်ထပ် စိုးရိမ်မှုများဖြစ်စေထားသည်။ ထောင်တွင်းအခြေအနေများကို သက်ဆိုင်ရာ အာဏာပိုင်များက စနစ်တကျစစ်ဆေးရမည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ဆက်လက်တောင်းဆိုနေကြသည်။

Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top