ဘုတ်ပြင်းမြို့တွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၁၀၂ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ပြီး ကော့သောင်းထောင်သို့ ပို့ဆောင်

0
 ဘုတ်ပြင်းမြို့တွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၁၀၂ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ပြီး ကော့သောင်းထောင်သို့ ပို့ဆောင်


ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅။ Rakine Focus- RF 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ဖမ်းဆီးခံထားသည့် ရိုဟင်ဂျာလူမျိုး ၁၀၂ ဦးကို ၂ နှစ်ထောင်ဒဏ်ချပြီး၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကော့သောင်းမြို့ရှိ ၉ မိုင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များအရ သိရှိရသည်။

ဤရိုဟင်ဂျာလူမျိုးများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမတ်ရွာတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းစဉ်ပစ်ခတ်ဖမ်းဆီးခံရသည့်အချိန်တွင် ၃ ဦးသေဆုံးခဲ့ပြီး၊ အခြား ၉၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရသည်။ ထွက်ပြေးထားသော ၁၀ ကျော်လူသည် ဆီအုန်းတောများတွင် ဖမ်းဆီးခံရမိပြီး စုစုပေါင်း ၁၀၂ ဦးအထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ထောင်ဒဏ်ချသည့် ရိုဟင်ဂျာများထဲတွင် အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကလေး ၅ ဦးတို့ ပါဝင်ပြီး၊ ၎င်းတို့အား မြန်မာနိုင်ငံတွင် နေထိုင်သူများ၏ အတည်ပြုမှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆ အပိုဒ် ၃ အရ ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းအရ သိရှိရသည်။

ဘုတ်ပြင်းဒေသခံတစ်ဦးအဆိုအရ၊ “သူတို့ကို ကော့သောင်းမြို့က ၉ မိုင်ထောင်ကို ပို့လိုက်တာ၊ ကလေးတွေနဲ့ အမျိုးသမီး ၂ ဦးပါ။ ကျွန်တော်တို့လည်း မမြင်ရတော့အောင် အတိအကျမပြောနိုင်ပါဘူး၊ သေချာတာကတော့ ထောင်ဒဏ်ချပြီး ပို့လိုက်တယ်” ဟု ပြောဆိုခဲ့သည်။

ဤအမှုသည် ရိုဟင်ဂျာများအား မြန်မာစစ်တပ်၏ ထိန်းချုပ်မှုနှင့် ထိုင်းနိုင်ငံသွားရောက်ရန် ကြိုးပမ်းခြင်းကြောင့် ဖြစ်ပွားခဲ့သည်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top