အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်မှုကို ကြိုဆိုပြီး ဖမ်းဆီးမိန့်ထုတ်ဖို့ တိုက်တွန်း

0
 အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်မှုကို ကြိုဆိုပြီး ဖမ်းဆီးမိန့်ထုတ်ဖို့ တိုက်တွန်း


(Rakine Focus | ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)

အပြည်ပြည်ဆိုင်ရာတရားစီရင်မှုနယ်ပယ်အောက်ရှိ အာဂျင်တီးနား ဖက်ဒရယ် ရာဇဝတ်တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်နှင့် အရပ်ဘက်ခေါင်းဆောင်အချို့ကို ဖမ်းဝရမ်းထုတ်လိုက်သည်။

ဖမ်းဝရမ်းထုတ်ခံရသူများထဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လက်ရှိအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်အပါအဝင် စုစုပေါင်း ၂၅ ဦး ပါဝင်သည်။

ဒီကိစ္စနဲ့ပတ်သက်၍ Defend Myanmar Democracy အဖွဲ့က ဖမ်းဝရမ်းထုတ်မှုကို ကြိုဆိုလိုက်ပြီး အာဂျင်တီးနားအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် သက်ဆိုင်သူများကို ဖမ်းဆီးနိုင်ရန် အရေးယူစီမံဖို့ တောင်းဆိုလိုက်သည်။

အဖွဲ့က ထုတ်ပြန်ချက်တွင် "ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အမှုတွဲသည် တရားမျှတမှုအတွက် အရေးကြီးသည်။ တရားခံများကို တရားရုံးရှေ့တင်ရမည်" ဟု ဖော်ပြထားသည်။

အာဂျင်တီးနားတရားရုံးက InterPol ကို အဆိုပါ ၂၅ ဦးအား ရှာဖွေဖမ်းဆီးရန် (Red Notice) ထုတ်ဖို့ တောင်းဆိုမည်ဟုလည်း ဆိုသည်။

ထို့နောက် NUG အနေနဲ့ မင်းအောင်လှိုင်နှင့် တခြားစစ်ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းထုတ်ခြင်းကို ကြိုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖယ်ရှားပေးဖို့ တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ခဲ့မှုကို တရားမျှတမှုရရှိစေရန် ဤအမှုတွဲသည် အရေးကြီးသော တိုးတက်မှုတစ်ခုဖြစ်သည်။


Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top