Arakan Beacon News စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုကြောင့် ၂၁၀၀ ကျော် မီးဘေးသင့်

0

Arakan Beacon News
စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုကြောင့် ၂၁၀၀ ကျော် မီးဘေးသင့်

မတ် ၃၊ ၂၀၂၅


စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၂၁၄၉ ဦး မီးဘေးသင့်ခဲ့ရသည်။ မီးလောင်မှုကြောင့် အိမ်ထောင်စုများအိုးမဲ့အိမ်မဲ့ဖြစ်ပြီး သက်တမ်းမြောက်အဆောင်များပျက်စီးသွားကြောင်း သိရှိရသည်။

မီးလောင်မှုသည် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် စတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်နှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့တို့က မီးငြိမ်းသတ်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ထားသည်။ သို့သော် မီးလောင်မှု၏ တိတိကျကျ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပဲ ဒုက္ခသည်စခန်းတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသောကြောင့် အသေးစိတ်အချက်အလက်များ မသိရှိနိုင်သေးပေ။

မီးလောင်မှုကြောင့် အဆောင် ၃၄ ဆောင်ထဲမှ ၂၇၂ ခန်းကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၁၄ စုသည် မီးဘေးသင့်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုဒုက္ခသည်များအတွက် ယာယီနေထိုင်စရာ အထောက်အကူပြုရန် ရွက်ဖျင်တဲများ တည်ဆောက်ပေးသည့်အပြင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးအကူအညီများ ပံ့ပိုးပေးနေကြောင်းလည်း သိရှိရသည်။


မိုးကာလမတိုင်မီ ရခိုင်ပြည်တွင်း မီးဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် ပြည်သူများအနေဖြင့် မီးဘေးကာကွယ်ရေးဆိုင်ရာ သတိပြုရန် လိုအပ်ကြောင်း မီးသတ်ဌာနများက အသိပေးလိုက်သည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top