ချင်းလက်နက်ကိုင်အဖွဲ့များအနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မီဇိုရမ်ပြည်နယ်အမတ် ပြောကြား
မတ်လ ၇ ရက် (Rakine Focus) – ချင်းလက်နက်ကိုင်အဖွဲ့များအနေနဲ့ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K. Vanlalvena က ပြောကြားခဲ့ပါတယ်။
Pu K. Vanlalvena ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ချင်းလုံမြို့ကို သွားရောက်ခဲ့ပြီး "မီဇိုနဲ့ချင်းဟာ တစ်မျိုးတည်းဖြစ်ကြောင်း၊ ၁၉၃၅ ခုနှစ်အထိ အင်္ဂလိပ်လက်အောက်က အိန္ဒိယနိုင်ငံတွင် တူညီစွာ နေထိုင်ခဲ့ကြောင်း" ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ချင်းပြည်နယ်မှ ပြည်သူ ၇ သောင်းကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရပါတယ်။



