တရုတ်ကြေးစားစစ်သားများ ကျောက်ဖြူသို့ရောက်ရှိလာသည်

0
တရုတ်ကြေးစားစစ်သားများ ကျောက်ဖြူသို့ရောက်ရှိလာသည်

(၇ မတ် ၂၀၂၅) – 

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာချိန်တွင် တရုတ်ကြေးစားစစ်သားများ ရောက်ရှိလာသည်ဟု သိရသည်။
ဒေသခံများနှင့် စစ်ရေးသုံးသပ်သူများက တရုတ်စစ်သားများသည် တရုတ်စစ်ဝတ်စုံမဟုတ်ဘဲ မြန်မာစစ်ကောင်စီတပ်ဝတ်စုံများဖြင့် အသွင်ပြောင်းဝတ်ဆင်ထားကြောင်း ဖော်ပြထားသည်။ သို့သော် ၎င်းတို့သည် စစ်ကောင်စီဘက်က ဝင်ကူရန်သော်လည်းကောင်း၊ တရုတ်စီမံကိန်းများကို လုံခြုံရေးယူရန် သော်လည်းကောင်း ရောက်ရှိလာခြင်းဖြစ်နိုင်ကြောင်း မသေချာသေးပါ။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ထိုတရုတ်စစ်သားများကို လေကြောင်းမှတဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်မှ ကျောက်ဖြူသို့ တရုတ်ကြေးစားစစ်သား ၂၅ ယောက် ပို့ဆောင်ခြင်းဖြစ်ကြောင်း DVB သတင်းအရ သိရှိရသည်။
လက်ရှိသတင်းအရ တရုတ်ကြေးစားစစ်သားများကို စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်နှင့် အခြားတပ်များတွင် ဖြန့်ချထားပြီး၊ ၎င်းတို့သည် တိုက်ပွဲဝင်ရန်အတွက်မဟုတ်ဘဲ စစ်ကောင်စီတပ်များကို နည်းပညာပေးသင်ရန်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် AA ထိန်းချုပ်နေသည့် နေရာများသို့ စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုးပြီး တိုက်ခိုက်နေကြောင်းလည်း ဒေသခံများက ဖော်ပြသည်။
မတ်လ ၆ ရက်နေ့တွင် ဓညဝတီရေတပ်အနီးရှိ ဦးဂင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းဗုံးကြဲချပြီး စစ်ကြောင်းထိုးဝင်သည့်အခါ လူနေအိမ်ခြေ ၁၄၀ ခန့် မီးလောင်ခဲ့ရကြောင်း သိရသည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top