ရုရှားက ယူကရိန်းကို တိုက်ခိုက်ပြီး စွမ်းအင်အဆောက်အအုံများထိခိုက်

0

ရုရှားက ယူကရိန်းကို တိုက်ခိုက်ပြီး စွမ်းအင်အဆောက်အအုံများထိခိုက်



ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ခါခဗ်မြို့နှင့် တောင်ပိုင်းရှိ အိုဒက်ဆာမြို့တို့ကို ရုရှားတပ်များက မတ်လ ၆ ရက် တစ်ညတည်းတွင် တာဝေးပစ်ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားသည်။
ယူကရိန်းစွမ်းအင်ဝန်ကြီး ဂါမန် ဂလက်ရှန်ကိုက "ရုရှားတပ်များသည် ယူကရိန်း၏ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်" ဟု ပြောသည်။
တိုက်ခိုက်မှုကြောင့် စွမ်းအင်ပေးရေးအဆောက်အအုံများနှင့် လူနေအိမ်များ မီးလောင်ခဲ့ကြောင်း၊ ထိခိုက်မှုများကြောင့် လျှပ်စစ်မီးပြတ်တောက်နိုင်သဖြင့် ပြည်သူများအတွက် သတိပေးထားကြောင်း အာဏာပိုင်များက ပြောသည်။
ယူကရိန်းရေတပ် ပြောရေးဆိုခွင့်ရှိသူ ဒမီထရို ပလေတန်ချက်က "ဒီတိုက်ခိုက်မှုသည် ၂၀၂၅ ခုနှစ်အတွင်း ပင်လယ်နက်ဒေသရှိ ရုရှားသင်္ဘောများပါဝင်ခဲ့သည့် အကြီးဆုံး တိုက်ခိုက်မှုဖြစ်သည်" ဟု ထုတ်ဖော်ပြောကြားသည်။
တစ်ညတည်းအတွင်း တာဝေးပစ်ဒုံးကျည် ၂၀ ကျော်ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ယူကရိန်းဘက်မှ ထုတ်ဖော်ကြေညာထားသည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top