TNLA ပူးပေါင်းတပ်များ တောင်ခမ်းဒေသမှ အချို့ နောက်ဆုတ်ခဲ့ရ

0

TNLA ပူးပေါင်းတပ်များ တောင်ခမ်းဒေသမှ အချို့ နောက်ဆုတ်ခဲ့ရ

၁၀၂၇ စစ်ဆင်ရေး ရှေ့တန်းစစ်မြေပြင်က TNLA တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)


ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ တောင်ခမ်းရွာအခြေစိုက် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ (၃၅၄) အကြား ဆက်သွယ်ရေးဖြတ်တောက်နိုင်ခဲ့သည့်နေရာကို မတ်လအတွင်းတွင် TNLA ပူးပေါင်းတပ်များသည် လက်လွှတ်ခဲ့ရသည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ထုတ်ဖော်ပြောကြားခဲ့သည်။

"ဒီနေရာတွေ ပြန်ရဖို့ တိုက်ပွဲပြင်းထန်နေတုန်းပါပဲ။ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်တာမျိုး မရှိပါဘူး" ဟု ကိုအမောင်က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက တောင်ခမ်းအနီးရှိ မကျည်းရေ၊ နားရှိုးနှင့် စျေးကုန်းရွာများကို ပြန်လည် သိမ်းပိုက်ထားကြောင်း သိရသည်။ အဆိုပါရွာများသည် တောင်ခမ်းအရှေ့ခြမ်းရှိ ရပ်စောက်-နောင်ချို ကားလမ်းတလျှောက် တည်ရှိသည့်ရွာများ ဖြစ်ပြီး စစ်ကောင်စီသည် ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
TNLA ပူးပေါင်းတပ်များသည် တောင်ခမ်းရွာအခြေစိုက် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)၊ အမတ ၃၅၄၊ အမတ ၂၀၆၊ အမတ ၄၀၆ တို့ကို ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
တောင်ခမ်းဒေသကို ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှ စတင်၍ တော်လှန်ရေးတပ်များက ထိုးစစ်ဆင်နေကြသည်။
စစ်ရေးအရ အရေးကြီးသည့် ဒီဒေသသည် ပြင်ဦးလွင်မြို့မှ မိုင် ၄၀ ခန့်အကွာတွင် တည်ရှိပြီး ရှမ်းမြောက်နှင့် ရှမ်းတောင်ဒေသများ ဆက်သွယ်ရာ နောင်ချိုမြို့မှ မိုင် ၂၀ ခန့်သာ ဝေးကာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်ပြီး စွမ်းအင်အဆောက်အအုံများထိခိုက်



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top