မောင်တောမြောက်ပိုင်းတွင် ARSA စစ်အဖွဲ့ဝင် ၁ ဦး သေနတ်နှင့်ခဲယမ်းများဖြင့် အသေဖမ်းမိ

0
Arakan Beacon News
နေ့စွဲ – ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက် (သောကြာနေ့)

မောင်တောမြောက်ပိုင်းတွင် ARSA စစ်အဖွဲ့ဝင် ၁ ဦး သေနတ်နှင့်ခဲယမ်းများဖြင့် အသေဖမ်းမိ



မောင်တောမြို့နယ်မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတစ်ရပ်အတွင်း၊ အာရက္ခတပ်တော် (AA) က ARSA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးအား သေနတ်နှစ်လက်၊ ခဲယမ်းအချို့နှင့်အတူ အသေဖမ်းမိနိုင်ခဲ့ကြောင်း သိရှိရသည်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးအဆိုအရ၊ ဧပြီ ၄ ရက် (သောကြာနေ့) နေ့လယ် ၁၂ နာရီ ၄၈ မိနစ်ခန့်အချိန်တွင် မောင်တောမြို့နယ်ရှိ လဘာဝရွာပျက်အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာတွင် ARSA အဖွဲ့ဝင်အချို့နှင့် ထိတွေ့ရှင်းလင်းမှုအချိန်အတွင်း လက်နက်ကိုင်ထားသူတစ်ဦးအား အသေဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ARSA အဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်စပ်ဖြတ်ကျော်ကာ လဘာဝရွာပျက်ဘက်သို့ ချဉ်းကပ်လာစဉ် AA တပ်ဖွဲ့က ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရာမှာ တစ်ဦးကို အသေဖမ်းမိခဲ့ပြီး ကျန်သူများမှာ လက်နက်စွန့်၍ ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်း ဖော်ပြသည်။

သေဆုံးသူအနေနှင့် ရင်ဝတွင် ကျည်ဆံထိမှန်မှုရှိကာ သေဆုံးခဲ့ပြီး၊ အဖွဲ့ဝင်အား စစ်ကောင်စီထုတ် G-3 သေနတ် ၂ လက်၊ ခဲယမ်းနှင့် ကျည်ဘောက်အချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



လက်ရှိတွင်လည်း ထွက်ပြေးသွားသော ARSA အဖွဲ့ဝင်များအား အာရက္ခတပ်တော်က ဆက်လက်လိုက်လံရှင်းလင်းဆောင်ရွက်နေသည်ဟု သိရသည်။



Post a Comment

0 Comments

Please Select Embedded Mode To show the Comment System.*

Comments system

[blogger]
To Top